What's Japan Camp

We'll get you a good job-offer

What's Japan Camp

We'll get you a good job-offer

ဂျပန်တွင် အလုပ်အကိုင် ထောက်ပံ့မှု


ဂျပန်-အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအမှတ်အနေဖြင့် Japan Camp သည် ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ရှာဖွေရေး ကူညီထောက်ပံ့မှုပရောဂျက်ကို စတင်လိုက်ပြီဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ရိုက်ခံမှုကို ခံရပြီး ဂျပန်ကုမ္ပဏီများတွင် နိုင်ငံခြားသားများ ခန့်အပ်ရန် လိုအပ်ချက်များ တိုးများလာနေပါသည်။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်လိုတဲ့ ဆန္ဒရှိသူများ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှာ အလုပ်ခန့်အပ်ခြင်သော အိမ်ရှင်ကုမ္ပဏီများကို ရွေးချယ်ခြင်း၊ မိတ်ဆက်ခြင်းနှင့် ဂျပန်လာရန် သက်ဆိုင်သော စာရွက်စာတမ်းများပြင်ဆင်မှု အစရှိတဲ့ ဝန်ဆောင်မှုများကို ကျွန်ုပ်တို့က ပံ့ပိုးပေးသွားမှာဖြစ်ပါသည်။


1.ဂျပန်နိုင်ငံတွင် ပျမ်းမျှလစဉ်ဝင်ငွေ

ဂျပန်နိုင်ငံရှိ ကုမ္ပဏီအများအပြားတွင် ကုမ္ပဏီသို့ဝင်ရောက်ပြီးနောက် ဝန်ထမ်းများအား ပျိုးထောင်သင်ကြားပေးသွားသည့် တစ်သက်တာအလုပ်ခန့်စနစ် ရှိသည်။ ထို့ကြောင့် ယေဘူယျအားဖြင့်ပြောရလျှင် အသက်ကြီးလာသည်နှင့်အမျှ လစာတိုးလာလေ့ရှိသော်လည်း လက်ရှိခေတ်ကာလမှာကတော့ အရည်အချင်းပေါ်မူတည်ပြီး လစာကို ဆုံးဖြတ်သည့် ကုမ္ပဏီများ လည်း တိုးများလာနေပြီဖြစ်သည် ။ လစဉ်ပျမ်းမျှ ၀င်ငွေမှာ အောက်ပါအတိုင်းဖြစ်သည်။


အသက်အရွယ်ပျမ်းမျှ လစဉ်ဝင်ငွေ
အသက် 20 အပိုင်းအခြားယန်း 241,000
အသက် 30 အပိုင်းအခြားယန်း 343,000
အသက် 40 အပိုင်းအခြားယန်း 469,000
အသက် 50 အပိုင်းအခြားယန်း 533,000

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန “လစာစာရင်း” အရ

2.ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေသည့် လုပ်ငန်းအဆင့်အဆင့် (နိုင်ငံရပ်ခြားတွင် နေထိုင်သူများအတွက်)
(Mereka yang berada di luar negeri)


ဂျပန်နိုင်ငံမှာ အလုပ်လုပ်လိုပါက ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။ အောက်ဖော်ပြပါများသည် ယေဘူယျစံပုံစံတစ်ခုဖြစ်သည်။

ကာလအကြောင်းအရာ
၁ နှစ်မှ ၆ လ အကြိုကိုယ်ရေးမှတ်တမ်း ပေးပို့ပါ။
၆ လမှ ၄ လ အကြိုအလုပ်ဝင်လုပ်လိုသည့်ဆန္ဒနှင့် ကုမ္ပဏီကို အတည်ပြုခြင်း။
၄ လ မှ ၃ လ အကြိုုကုမ္ပဏီနှင့် Interview လုပ်ခြင်း။
၃ လမှ ၁ လ အကြိုဂျပန်သို့လာရန်ပြင်ဆင်ခြင်း။

3.တိုခုတေးဂိနိုး (သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သားဗီဇာ)

တိုခုတေးဂိနိုးဗီဇာမှာဆိုသည်မှာ သတ်မှတ်ထားသော လုပ်ငန်းအမျိုးအစားများတွင် အထူးကျွမ်းကျင်တတ်မြောက်ပြီး လုပ်ငန်းခွင်တွင် ချက်ခြင်းအလုပ်လုပ်ကိုင်နိုင်သည့် အရည်အချင်းရှိသည့် နိုင်ငံခြားသားများကို အလုပ်လုပ်ကိုင်ခွင့်ပေးသည့် ဗီဇာအမျိုးအစားဘဲဖြစ်ပါသည်။ အများဆုံး ၅နှစ်ကြာ ဂျပန်အတွင်းအလုပ်လုပ်ကိုင်နေထိုင်နိုင်မည်ဖြစ်ပြီး၊ လုပ်အားခဝင်ငွေပမာဏက ဂျပန်လူမျိုးများနှင့် တန်းတူဖြစ်သည့် ဂျပန်နိုင်ငံတွင် ယခင်ကထက် ပိုမိုလွယ်ကူစွာ အလုပ်လုပ်နိုင်စေသည့် စနစ်တစ်ခုဖြစ်သည်။

အဆောက်အဦးသန့်ရှင်းရေးလုပ်ငန်း၊ သတ္ထုကုန်ချောထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးစက်ယန္တရားထုတ်လုပ်ရေးလုပ်ငန်း၊
လျှပ်စစ်နှင့် အီလက်ထရွန်းနစ်သတင်းအချက်အလက်
သက်ဆိုင်သောလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သတ်သောလုပ်ငန်း၊
မော်တော်ကား ပြုပြင်ရေးလုပ်ငန်း၊လေကြောင်းနှင့်ပတ်သက်သောလုပ်ငန်း၊ဟိုသည်လုပ်ငန်း၊
စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊အစားအသောက်နှင့် အဖျော်ယမကာ
ထုတ်လုပ်ရေး လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း။

သတ်မှတ်ထားသော ကျွမ်းကျင်လုပ်သားဗီဇာအကြောင်း

4.အလုပ်ခေါ်ထားတဲ့ ဥပမာများ

အလုပ်ခေါ်နေတဲ့ အလုပ်များအားလုံးကို “Jobs” page မှာ ရှာနိုင်ပါသည်။Job".

အလုပ်အမျိုးအစားအလုပ်တည်နေရာနှစ်စဉ်ပျမ်းမျှဝင်ငွေ(ခန့်မှန်း)
အလုပ်ဗီဇာ/စိုက်ပျိုးရေးChibaယန်း 2,400,000〜
တိုခုတေးဂိနိုးဗီဇာ/စိုက်ပျိုးရေး(မွေးမြူရေး)Miyagiယန်း 2,300,000〜
တိုခုတေးဂိနိုးဗီဇာ/သတ္ထုကုန်ချောထုတ်လုပ်ရေးAichiယန်း 2,400,000〜
တိုခုတေးဂိနိုးဗီဇာ/စားသောက်ကုန်ထုတ်ပိုးရေးFukuoka/ Miyagiယန်း 2,400,000〜
တိုခုတေးဂိနိုးဗီဇာ/ပြုစုစောင့်ရှောက်မှု လုပ်သားHokkaido/Chibaယန်း 2,400,000〜
အလုပ်ဗီဇာTokyoယန်း 6,000,000〜

5.လျှောက်ထားနည်း

“Jobs” Page တွင် အလုပ်များကို ရှာဖွေပါ။ အလုပ်များထဲမှာ သင်စိတ်ဝင်စားသော အလုပ်ကို လျှောက်ထားပါက အလုပ်မိတ်ဆက်တာဝန်ခံမှ သင့်ထံ ဆက်သွယ်လာပါမည်။ လစာ၊ လုပ်ငန်းခွင်ပတ်ဝန်းကျင် အစရှိသည်တို့ကို တာဝန်ခံနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ ထို့နောက် အခြေအနေများကို အတည်ပြုပြီး ကုမ္ပဏီနှင့် Interview ပြီး အလုပ်ရမရကိုသိရမည်ဖြစ်သည်။ အလုပ်မိတ်ဆက်အဖိုးခ အလကားပါ။

6.ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများ

・ကိုယ်ရေးအကျဥ်း CV Form ကို Download လုပ်နိုင်သည်။[ CV Form]

・အလုပ်၊ ဘာသာရေးနှင့် နေ့စဉ်စိတ်ပူပန်မှုများအတွက် အကြံဉာဏ်ရယူရန် အချိန်မရွေး ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

 >>Contact us!

 © Japan Camp / NPO Green Project, all rights reserved. | 個人情報保護方針 |